မရိုးနိုင်သော အဖိုးတန်စကားလေး "ချစ်တယ်"
ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့
ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။
အဲဒီလို အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့
စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက
အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။
လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက
အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။
၁။ "မင်းကိုချစ်တယ်" ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။
တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို
ပြောလိုက်ပါ ။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊
ယောကျာင်္းလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်စိတ်ချမှု ပိုတိုးလာပါတယ် ။
ဒါ့အပြင် ကိုယ့်အပေါ် တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး
အချစ်တွေ နုပျိုရှင်သန်နေပါလိမ့်မယ် ။
၂။ ကိုယ့်လက်တွဲဖော်ကို သူ မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊
ကြင်နာမှုအပြည့်နဲ့ အနမ်းပွင့်ခြွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုး
စနောက်လိုက်တာမျိုးဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ
လန်းဆန်းအားတက်မှုကိုဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ ၃ ခုလို့
ဆိုချင်ပါတယ် ။
၃။ ဓါတ်ပုံဟောင်းလေးတွေကို ၂ ယောက်အတူ ပြန်ကြည့်ရင်း တစ်ချိန်က
သတိရစရာလေးတွေ၊ ချစ်ပုံရိပ်တွေကို စမြုံ့ပြန်ကြတာဟာလည်း
နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။
၎။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့ ။
ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာ အပြီးတိုင်မှတ်ထားကြစို့ ။
၅။ ပြုံးပြပါ ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ ။ တစ်ဦးနဲ့တစ်ဦး ပြုံးပြီးကြည့်ပါ ။
၆။ သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။
ရိုးသားလို့၊ဥာဏ်ထက်လို့၊ စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး
ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို
အကောင်းဆုံးပြုစုပျိုးထောင် ပေးခြင်းပင် ဖြစ်ပါတယ် ။
၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို နားထောင်ပေးပါ
။ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင် သူ့ရင်ထင်မှာ တင်းကျပ်လို့
ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ ရောက်ပါတယ်
။ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ ချစ်သူတွေကြားက
အရေးပါတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ် ။
၈။ လက်ကို မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့
ထင်စရာရှိပေမဲ့ ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ
။ လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။
အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ အဆင်ပြေနိုင်ကျပါစေ
ဖတ်ဖူးတဲ့အချစ်နဲ့ ခံစားခဲ့ဖူးတဲ့အချစ်တွေပါ။ ခုတော့အချစ်က အဝေးမှာ.....
(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး
ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက်
တစ်သက်လုံးသူရှိနေတယ်။
(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊
လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ်
လဲလျောင်းစေတယ်။
(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့်
အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။
(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့်
ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။
ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...
(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက
ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။
နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း
ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...
(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့
ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့
ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။
(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ
လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။
(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့
လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။
မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။
(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။
နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင်
ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?
(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင်
ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။
နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ
ပါဝင်နေခဲ့တယ်။
မင်းအတွက်....
၁။ မင်းငါ့ရင်ထဲကို ၀င်ကြည့်လို့ရမယ် ဆိုရင် မင်းငိုမယ် ဘာလို့လဲဆိုတော့
ငါရင်ထဲမှာ မင်းနဲ့ ပြည့်ကြပ်နေလို့။ ငါမင်းရင်ထဲကို ၀င်ကြည့်လို့ရမယ်
ဆိုရင် ငါငိုမယ် ဘာလို့လဲဆို မင်းရင်ထဲမှာ ငါမရှိလို့။
၂။ တရက် ငါတို့တွေ မထင်မှတ်ပဲ ဆုံကြရင် ငါ့ခြေလှမ်းတွေကို ရပ်လိုက်မယ်။
တဖြေးဖြေး ဝေးသွားတဲ့ ကျောပြင်ကိုကြည့်ပြီး ငါကိုယ့်ကို ပြောမယ်
“အဲဒီလူကို ငါချစ်ခဲ့ဖူးတယ်” လို့။
၃။ ဘာလို့ ဒီလောက် အေးစက်ရတာလဲလို့ ငါခံစားနေရတယ်။ ငါနွေးထွေးဖူးတော့
ဒီအအေးဓါတ်ကို မခံနိုင်တာ။
၎။ မင်းငါ့ကို ခွဲခွါမယ်ဆိုရင်လဲ ငါမတားပါဘူး
မင်းမှာမင်းရဲ့အကြောင်းတွေရှိလိ
ု့နေမှာပေါ့။ မင်းငါကို
ချစ်နေသေးတယ်လို့ပြောရင် ငါမင်းကိုပြောမယ် ငါအခုထိစောင့်နေသေးတယ်။
၅။ မပြောရင် ပြောင်းလဲသွားမှာမဟုတ်လို့ ထာဝရမပြောရင် ထာဝရပြောင်းလဲမှာမဟုတ်ဘူး။
၆။ မင်းဒီလောကကိုရောက်လာတုန်းက ငိုတယ် မင်းငိုတာကိုကြည့်ပြီး
အားလုံးပြုံးကြတယ်။ မင်းဒီလောကကနေထွက်သွားတော့ မင်းပြုံးတယ်
အားလုံးငိုကြတယ်။
၇။ မင်းကို ငိုစေတဲ့ အကြောင်း တစ်သောင်းလောက်ရှိမယ်ဆိုရင် မင်းကို
ရီစေတဲ့ အကြောင်း တစ်သောင်းနဲ့ တစ်ခု ရှိမယ်။
၈။ ကြံ့ခိုင်အောင်လုပ်တယ်ဆိုတာက ကိုယ့်ကို လိမ်နေတာမဟုတ်ပါဘူး။
လိမ်ခံရတာကို ခံနိုင်ရည်ရှိအောင်လုပ်တာပါ။
၉။ ဘာလို့ ငါ့အချစ်တွေကို ပေးနေတဲ့အချိန်မှာ ငါချစ်တာမှားသွားပြီး။
သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့သူနဲ့ မတွေ့တာဘာကြောင့်လဲ။
၁၀။ လေတံခွန်လွတ်တာ ချစ်နေရတဲ့ခံစားချက်ပါပဲ။ ဘယ်လိုဝေးကွာနေပါစေ
လွယ်လွယ်နဲ့ မပြောင်းလဲဘူး။ ဘာလို့လဲဆိုတော့ မင်းလက်ထဲက
ကြိုးကိုမင်းကိုင်ထားလို့ မင်းတို့ရဲ့ သံယောဇဉ်ကြိုးလေးပါ။
၁၁။ လူတွေအကြားမှာ ငါကဘယ်သူလဲ။ ငါဘယ်ဘက်ကိုသွားလိုက်
ညာဘက်ကိုသွားလိုက်နဲ့။ ငါမျက်စိတွေလည်နေတယ်။ မိုးရွာတယ်။
ကောင်းကင်ကြီးငိုနေပြီ လို့ ငါပြောတယ်။
၁၂။ Believe ဆိုတဲ့ စကားလုံးမှာတောင် lie လေးကပါနေတယ်။ lie နေရင်တောင် ငါယုံပါ့မယ်။
၁၃။ မင်းငါ့ကို ထွက်သွားတော့လို့ပြောတယ်။ ငါထွက်သွားခဲ့ပါတယ်။
ငါထွက်သွားပြီးတော့ မင်းက ငါ့ကို ပြန်လာဖို့ တောင်းပန်တယ်။ sorry ပါ
ငါထွက်သွားတာ အဝေးတနေရာကိုရောက်နေပြီ။
၁၄။ ချစ်တဲ့သူနဲ့ ရန်ဖြစ်ပြီး သူစိမ်းလူတယောက်ကို ငါရင်ဖွင့်နေရတယ်။
၁၅။ မင်းရဲ့ ဂရုစိုက်တာတွေကို ငါမျှော်ရင်း ငါကိုယ့်ကိုဂရုစိုက်တတ်လာပြီ။
၁၆။ မင်းထွက်သွားတဲ့ နေ့က ငါမျက်ရည်မကျဘူး ငါမျက်တောင်မခက်မိအောင်ငါကြိုးစားခဲ့တယ်။
၁၇။ အချစ်ဆိုတာ နာကျင်စေပါတယ်။ ရက်စက်တဲ့သူတွေကတော့ သူ့ချစ်သူကို
နာကျင်စေတယ်။ သဘောထားပြည့်ပြီးမြတ်နိုးတဲ့သူတွေကတော့ သူတို့ကိုသူတို့
နာကျင်စေတယ်။
၁၈။ နှမျောဖို့ကောင်းတာကတော့ လက်မလွတ်ရမှာကို လွယ်လွယ်နဲ့ လက်လွတ်ပြီး
ခေါင်းမမာသင့်တဲ့ နေရာမှာ ခေါင်းမာနေကြတယ်။
၁၉။ လူတစ်ယောက်ကိုလွမ်းတာ ရေအေးတစ်ခွက်သောက်ရသလိုပဲ ကြာရင် မျက်ရည်ဖြစ်သွားတယ်။
၂၀။ မသိလိုက်တဲ့အချိန်မှာ စတင်ခဲ့တယ်။ တားဆီးလို့မရတဲ့အချိန်မှာ ပြီးဆုံးသွားတယ်။
၂၁။ စောင့်မျှော်တယ်….မလွယ်ကူပါဘူး။
နာကျင်စေတယ်…..မသိလိုက်တဲ့အချိန်မှာတောင်နာကျင်စေခဲ့ပါတယ်။
|